Transfer
ဟိုလွန်း နာပိုလီသို့ အပြီးသတ်ပြောင်းရွှေ့
Serie A ဘက်က Hot အဖြစ်ဆုံးသတင်းတစ်ပုဒ်ကတော့ နာပိုလီအသင်းဟာ ရာစမတ်စ် ဟွိုက်လန်းကို မန်ချက်စတာယူနိုက်တက်ထံကမှ ယူရို ၅၀ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တာပါ။ အငှားကာလအတွင်း ၄၄ ပွဲ ၁၆ ဂိုးသွင်းပြီး Supercoppa Italiana အောင်မြင်မှုနဲ့ Serie A runner-up ရလဒ်အတွက် အရေးပါခဲ့တာကြောင့် နာပိုလီဘက်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒါဟာ career restart မဟုတ်တော့ဘဲ project centerpiece ဖြစ်လာတဲ့ transfer လို့ ပြောလို့ရပါတယ်။