Italy Seria A
ပထမပိုင်းမှာတင် ပွဲသိမ်းခဲ့တဲ့ အင်တာမီလန်
စီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးက အင်တာမီလန်ဟာ ပါးမားကို ၃-၀ ဂိုးနဲ့ အပြတ်အသတ်အနိုင်ယူပြီး ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
အင်တာအတွက် ဂိုးတွေကို ဆူချစ်၊ ချယ်ဟာနိုဂလူနဲ့ မားကပ်စ်သူရမ်တို့က သွင်းယူခဲ့ကြတာဖြစ်ပြီး ပွဲချိန် ၃၁ မိနစ်အတွင်းမှာတင် သုံးဂိုးစလုံး ရရှိခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် အင်တာဟာ ၆ ပွဲကစား ၁၆ မှတ်အထိ ရရှိလာခဲ့ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေကြောင့် သုံးပတ်နားခဲ့ရပြီးနောက် အခုလိုခြေစွမ်းမျိုး ပြသနိုင်ခဲ့တာက နည်းပြ ခရစ္စတီယန်ချီဗူးအတွက် အားတက်စရာပါပဲ။
အင်တာရဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးရတာနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်နေပြီး ဒီအရှိန်ကို ဆက်ထိန်းနိုင်မယ်ဆိုရင် စီးရီးအေချန်ပီယံပြိုင်ပွဲမှာ အသာစီးရနေဦးမှာပါ။
ဒါပေမယ့် ရိုးမားနဲ့ လာဇီယိုတို့ရဲ့ ရလဒ်တွေကလည်း အမှတ်ပေးဇယားအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ Reuters