Transfer
တော့တင်ဟမ်က အန်ဒီ ရောဘတ်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ
🔴⚪ တော့တင်ဟမ်ဟော့စပါးအသင်းက စကော့တလန်အသင်းခေါင်းဆောင် အန်ဒီ ရောဘတ်ဆန်ကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းမှာ ၉ နှစ်ကြာ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ ဘယ်နောက်ခံလူဟာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် Spurs ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
တော့တင်ဟမ် Sporting Director Johan Lange ကတော့ ရောဘတ်ဆန်ကို "Premier League သမိုင်းတစ်လျှောက် အကောင်းဆုံး ဘယ်နောက်ခံလူများထဲမှ တစ်ဦး" လို့ ချီးကျူးပြောဆိုထားပါတယ်။